ကျိုင်းတုံ ၂၅ မေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာလာသည့် ဒေသခံပြည်သူများအား နှာခေါင်းစည်း ၃၀ဝ၀ အခမဲ့ဖြန့်ဝေခြင်းကို မေ ၂၅ ရက်က အသွားအလာများသော နေရာများတွင် ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ဝန်ကြီးနှင့် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ ဝင်များ၊ ကျိုင်းတုံလူငယ်ပရဟိတအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့်တာဝန်ရှိသူများ က နေအိမ်ပြင်ပ ထွက်ခွာလာသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များနှင့် နှာခေါင်းစည်း ၃၀ဝ၀ အခမဲ့ဖြန့်ဝေခြင်းကို အသွားအလာများသော ကျိုင်းတုံမြို့မ ဈေးရှေ့၊ မဟာမြတ်မုနိအဝိုင်းပတ်နှင့် နောနွန်းဂိတ်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


