ကျိုင်းတုံ ၂၉ သြဂုတ်
ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ နမ့်ခင်နွဲ့(၁)ရပ်တွင် သြဂုတ် ၂၉ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ နမ့်ခင်နွဲ့(၁)ရပ်၊ ဦးကျိုင်းတစ်၏ သွပ်မိုး၊ အုပ်ညှပ်၊ ပြင်ခင်း နေအိမ်အပေါ်ထပ်အတွင်းသို့ ဦးစိုင်းလောင်ခမ်း က ခိုးဝင်ရောက်ပြီး အိပ်ခန်းအတွင်းရှိ အဝတ်အထည်များအား ဂက်စ်မီးခြစ်ဖြင့် မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်မီးငြိှမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅ မိနစ်ခန့်တွင် မီးငြိှမ်းနိုင်ခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးကာ လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
မီးလောင်မှုကြောင့် ဦးစိုင်းလောင်ခမ်းအား ကျိုင်းတုံမြိုမရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်ဆက်)

