ကျိုင်းတုံ ဧပြီ ၃

 

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးအသိပေး ဟောပြောကို ဧပြီ ၂ ရက်က ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

 

ဟောပြောပွဲတွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းသန့် က မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့သည်မှာ (၁)နှစ်ပြည့်ခဲ့ပြီး ငလျင်ကြီးကြောင့် နိုင်ငံတော်တွင် ထိခိုက်နစ်နာဆုံးရှုံးမှု များစွာရှိခဲ့သောကြောင့် ငလျင်ဘေးအန္တရာယ်ကို အထူးဂရုပြု ကြရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်ခြေရှိသည့် နေရာဒေသများကို ဆန်းစစ်လေ့လာ၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားခြင်းဖြင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းသွားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငလျင်သည် ကြိုတင်မခန့်မှန်းနိုင်သော သဘာဝဘေးတစ်မျိုးဖြစ်သော်လည်း ယခင်ငလျင်ဖြစ်စဉ်ကို သိရှိထားပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လို အပ်ကြောင်း၊ ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နှင့် ငလျင်လှုပ်ပြီးချိန်များတွင် ပြုလုပ်ကြရမည့် နည်းလမ်းများ၊ ကာကွယ်နိုင်ရေးနည်းလမ်းများ၊ ငလျင်ကြီးများမလှုပ်မီ သဘာဝ အလျောက် ကြိုတင်သိရှိနိုင်သည့် အခြေအနေများကို တက်ရောက်လာသည့် ဒေသခံပြည်သူများနှင့် လူငယ်၊ လူရွယ်များအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)