mdn

ကျိုင်းတုံ   အောက်တိုဘာ   ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက မိုင်းလပ်ကျေးရွာအုပ်စု ပြည်ငြိမ်းအေးအိမ်ရာနေ စစ်မှုထမ်းဟောင်းနှင့် မိသားစုဝင်များအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုင်းတုံမြို့နယ် ဦးစီးမှူးရုံးမှ ခေတ္တ မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်ထွဋ်နှင့် ဝန်ထမ်းများက ပုံစံ၆(က)  တစ်ဦး၊ ပုံစံ ၃(က)မှ ၆(က)လဲလှယ်သူ တစ်ဦး၊ ပျောက်ဆုံး/ပျက်စီး လဲလှယ်သူ ၁၈ ဦးနှင့် အိမ်ထောင်စု ၁၆ စုတို့အတွက် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ပေးခဲ့ပြီး မွေးတိုးများဖြည့်သွင်းပေးခြင်း၊ သေဆုံးစာရင်းများကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ပေးခြင်း စသည်တို့ကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့်  ကျိုင်းတုံမြို့နယ်၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ ၁၈ လကြာ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းရွှေအောင်(ပြန်/ဆက်)