ကျိုင်းတုံ ၂၆ ဇန်နဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မျက်စိဝေဒနာရှင်ပြည်သူများအား အခမဲ့ မျက်စိခွဲစိတ်ကုသမှုများကို သီတဂူဆရာတော်ကြီး၏ အစီအစဉ်ဖြင့် ပြည်တွင်းပြည်ပမှ မျက်စိအထူးကုဆရာဝန်ကြီးများက ဖေဖော်ဝါရီ ၂၉ ရက်မှ မတ် ၃ ရက်အထိ ကျိုင်းတုံမြို့ အမှတ်(၃) တပ်မတော်ဆေးရုံ ခုတင်(၃၀၀)၌ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျက်စိခွဲစိတ် ကုသလိုသူများအနေဖြင့် သက်ဆိုင်ရာ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးရုံးများထံ ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးနိုင်ပြီး ထပ်မံ၍စာရင်းပေးလိုပါက ဖေဖော်ဝါရီ ၁၀ ရက်အထိ လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လာရောက်ကုသမည့် မျက်စိဝေဒနာရှင်များအတွက် နေထိုင်စားသောက်ရေးကို တပ်မတော်ဆေးရုံမှ စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)