ကျိုင်းတုံ ဖေဖော်ဝါရီ ၂၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသများရှိ ဒေသခံ တိုင်းရင်းသားများ စိုက်ပျိုးထားသည့် စတော်ဘယ်ရီသီးများ လှိုင်လှိုင်ပေါ်၍ ကျိုင်းတုံမြို့နှင့် ကျိုင်းတုံ-မိုင်းဖြတ် ပြည်ထောင်စုကားလမ်းမကြီး ဘေးဘယ်ညာတစ်လျှောက် ရောင်းချလျက်ရှိရာ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ စတော်ဘယ်ရီသီးများမှာ အလုံးကြီးပြီး အရည်ချွမ်းကာ အချဉ်ဓာတ်အနည်းငယ်သာရှိ၍ ချိုမြိန်သည့်အရသာကို ပေးစွမ်းသဖြင့် ခရီးသွားဧည့်သည်များ၊ ဒေသခံပြည်သူများက လက်ဆောင်ပေးရန် များစွာဝယ်ယူကြခြင်ဖြစ်သည်။ ဖော့ဘူးဖြင့် ထည့်ထားသည့် စတော်ဘယ်ရီသီး အလုံးကြီး ၁၅ လုံးမှ အလုံး ၂၀ ကြားအပါ တစ်ဘူးလျှင် ကျပ် ၂၀၀၀ ပေးရပြီး သုံးဘူးလျှင် ကျပ် ၅၀၀၀ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

 

လင်းလတ်