ကျိုင်းတုံ   ဇန်နဝါရီ  

 

           

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ရွှေရွက်မိသားစု ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြို့တွင်းလမ်း(၃)လမ်း ပြီးမြောက်ခြင်း အထိမ်းအမှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ  ၇ ရက် နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေရွက်မိသားစုကုမ္ပဏီလီမိတက်၌ ကျင်းပသည်။

 

1

 

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက အမှာစကားပြောကြားပြီး မြို့နယ်စည်ပင် သာယာရေးကော်မတီအဖွဲ့ဝင် ဦးစိုင်းလုံခမ်းက လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ပက်သက်၍ ရှင်းလင်း ပြောကြားသည်။

           

ထို့နောက် ရွှေရွက်မိသားစုကုမ္ပဏီမှ  အလှူရှင် ဦးစိုင်းရွက်က အများပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ သွားလာရလွယ်ကူစေရန် မြို့တွင်းလမ်း(၃)လမ်းအတွက် အလှူငွေ ထည့်ဝင်လှူဒါန်းရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က အလှူရှင် ဦးစိုင်းရွက်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

 

2

 

အဆိုပါမြို့တွင်းလမ်းတွင် မြို့ပတ်ကွန်ကရစ်လမ်းခင်းခြင်း အရှည် ပေ ၃၀၀၀၊ အကျယ် ၂၀ ပေ၊ အထက(၁)လမ်း ကွန်ကရစ်လမ်းခင်းခြင်း အရှည်ပေ ၆၀၀၊ အကျယ် ၁၅ ပေနှင့် ကျိုင်းကာရွာအဝင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း အရှည်ပေ ၁၄၀၀၊ အကျယ် ၁၈ ပေတို့ဖြစ်ပြီး  မြို့နယ်စည်ပင်သာယာရေးကော်မတီ ထည့်ဝင်ငွေကျပ် ၁၀၂၃ ဒသမ ၄ သိန်းနှင့် ရွှေရွက်မိသားစုကုမ္ပဏီ ထည့်ဝင် အလှူငွေကျပ် ၁၁၁၁ ဒသမ ၅ သိန်း၊ စုစုပေါင်း ငွေကျပ် ၂၁၃၄ ဒသမ ၉ သိန်း အကုန်ကျခံ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)