ကျိုင်းတုံ ၁၁ ဇန်နဝါရီ   

စာကြည့်တိုက်နှင့် ဝေးကွာသည့်နေရာများမှ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ဗဟုသုတ တိုးပွားရရှိစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Mobile Library စနစ်ဖြင့် ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်စာရင်းစစ်ရုံး ဝန်ထမ်းများအား စာအုပ်များ အခမဲ့ငှားရမ်းခြင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုကဲ့သို့ ငှာရမ်းပေးရာတွင် စာဖတ်လိုသူများ စိတ်ကြိုက် ရွေးချယ်ဖတ်ရှုနိုင်ရန်အတွက် သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ပုံပြင်စာအုပ်များပါဝင်ပြီး Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာများသို့ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများက အပတ်စဉ်သွားရောက် လဲလှယ်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

အောင်ဇင်မြင့်(ပြန်/ဆက်)