ကျိုင်းတုံ စက်တင်ဘာ ၁၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားပြီး စက်တင်ဘာ ၁၀ ရက်မှစ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိသည်။

 

ကျိုင်းတုံမြို့နယ်တွင် စက်တင်ဘာ ၈ ရက်မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်လပ်ချောင်းမြင့်တက်လာကာ လွိုင်မွေလမ်း ဟိုခိုရွာအနီး မြို့ပတ်လမ်းတစ်လျှောက်၊ နောင်ကုန်ရွာသွားလမ်း မှတ်(၃)ရပ်ကွက် မြို့တော်ခန်းမရှေ့ လေယာဉ်ကွင်းလမ်းတစ်လျှောက်၊ အမှတ်(၄)ရပ်ကွက် အာခါဈေး ကန်နားလုံရွာတို့တွင် နေအိမ်များအတွင်း အနက် ၄ ပေခန်ခွဲခန့် ရေများဝင်ရောက်ပြီး နေအိမ်အချို့ ပြိုကျပျက်စီးမှုများရှိခဲ့သည်။ အလားတူ ကျိုင်းတုံ-လွိုင်မွေကားလမ်း ဝမ်ကန်ရွာအနီး နမ့်လပ်ချောင်းကူးတံတား ချောင်းရေမြင့်တက်မှုကြောင့် ကျိုးကျပျက်စီးခြင်းများ ဖြစ်ပေါ်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူများအား ရေလွတ်ရာ ယာယီခိုလှုံရေးနေရာများသို့ ပြောင်းရွှေ့နေထိုင်စေခြင်း၊ ထမင်းဘူးနှင့် သောက်ရေသန့်များ ဝေငှပေးခြင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)