ကျိုင်းတုံ ဇန်နဝါရီ ၁၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ခွေးရူးရောဂါကာကွယ်ဆေး(အခမဲ့) ထိုးနှံပေးခြင်းကို ဇန်နဝါရီ  ၉ ရက် နံနက် ၉ နာရီက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ပြုလုပ်သည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မျိုးနိုင်၊ မြို့နယ်ကုသရေးနှင့်ဦးစီးဌာန ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက် ၃ လအထက်ရှိသော ခွေးများအား ခွေးရူးရောဂါကာကွယ်ဆေး (အခမဲ့)ပေးလျက်ရှိကြောင်း သိရသည်။

 

ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၉ ရက်မှ ၁၃ ရက်အထိ အသက်(၃)လအထက် ခွေးများအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေးသွားမည်ဖြစ်ပြီး ခွေးရူးရောဂါကာကွယ်ဆေးထိုးပြီးကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)