ကျိုင်းတုံ  ၁၄  ဇန်နဝါရီ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် လွိုင်မွေအုပ်စု ဟိုလပ်ကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂)ကုန်းမြင့်ဒေသ လယ်ယာမြေ ဖော်ထုတ်ရေးအဖွဲ့က တောင်ပေါ်ဒေသတိုင်းရင်းသားများစိုက်ပျိုးမြေရရှိစေရန် ကုန်းမြင့်လယ်ယာ မြေဧက ၁၀ဝ ဖော်ထုတ်ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင်ပြုလုပ်သည်။

 

4944

 

အဆိုပါ ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ရာသို့ အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလ နှင့် တာဝန်ရှိသူများတို့က ဟိုလပ်ကျေးရွာနေ ပြည်သူများစိုက်ပျိုးမြေရရှိအောင် ဆောင်ရွက်ပေးသည့်အဖွဲ့အား ကြည့်ရှုအားပေး၍ လိုအပ်သည်များညှိနှိုင်းပေးခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN
 

5011