ကျိုင်းတုံ ၁၁ မေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာ အုပ်စုနှင့် မိုင်းခွန်ကျေးရွာအုပ်စုတို့တွင် ယနေ့ နံနက် ၇ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၂ လုံး အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပန်ကြူကျေးရွာအုပ်စု၊ ပန်ယောင်းကျေးရွာတွင် လူနေအိမ် ၂ လုံး၊ နမ့်တွီကျေးရွာတွင် လူနေအိမ် ၃ လုံး၊ မိုင်းခွန်ကျေးရွာအုပ်စု ဟွေဟိကျေးရွာတွင် လူနေအိမ် ၃ လုံး၊ ပေါ်ဖာကျေးရွာတွင် လူနေအိမ် တစ်လုံး၊ ကောင်းဆန်းကျေးရွာတွင် လူနေအိမ် ၃ လုံး၊ ဝမ်လင်းကျေးရွာတွင် လူနေအိမ် ၂ လုံး၊ နောင်ပလာကျေးရွာတွင် လူနေအိမ် ၃ လုံး၊ ဟွေယုတ်ကျေးရွာတွင် လူနေအိမ် ၅ လုံး စုစုပေါင်း နေအိမ် ၂၂ လုံး အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တရိစ္ဆာန် ထိခိုက်မှုမရှိဘဲ လေဘေးသင့် အိမ်ထောင်စုများအား နီးစပ်ရာ ဆွေးမျိုးများ နေအိမ်တွင် နေရာချပေးထားကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


