နေပြည်တော်၊ မေ ၁၂
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၀ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကျိုင်းတုံမြို့နယ်၊ ဝမ်တာပုံကျေးရွာအုပ်စု၊ ဝမ်တာပုံကျေးရွာအနီးတွင် လမ်းလျှောက်လာသော အိုက်ကျောက်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၉၀,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား