mdn

ကျိုင်းတုံ           ၁၃ ဇွန် 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ယာဉ်ကြောပိတ်ဆို့မှုနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန် ချောမွေ့စေရေး မြို့ရှောင်လမ်းဖောက်လုပ်နေမှုနှင့် မြို့ရေပေးဝေရေး လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများအလိုက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၂ ရက် နံနက် ၈ နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်ရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားသည့် ကျိုင်းတုံမြို့ရေပေးဝေလုပ်ငန်းအတွက် ကျိုင်းတုံ-တောင်ကြီး လမ်းမကြီး အနီး ၉ မိုင် ပန်ကျင်ချောင်း  ရေထွက်နှင့် ၁၁ မိုင် ရေတံခွန်  ရေထွက် တို့တွင် ရေတားတမံ၊ ရေးစစ်ကန်၊ ရေစုကန် ဆောင်ရွက်နိုင်ရေး၊ ရေပိုက်လိုင်းများ သွယ်တန်းရာတွင် စနစ်တကျဖြစ်စေရေးနှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ လက်ရှိမြို့ရေပေးဝေရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဉက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မြို့သောက်သုံးရေး ဖူလုံစွာ ပြည်သူများသုံးစွဲရရှိနိုင်ရေး  ဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။

ထိုမှတစ်ဆင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဉက္ကဋ္ဌ တို့သည် ကျိုင်းတုံမြို့၌ ယာဉ်ကြောပိတ်ဆို့မှုနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေး အတွက် ကျိုင်းတုံခရိုင်လမ်းဦးစီးဌာနက ပြည်ထောင်စုခွင့်ပြု/ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် ကျိုင်းတုံမြို့၊ ကျိုင်းဖောင်း ကျန်းမာရေးစစ်ဆေးဂိတ်အနီး(၆၂၉ ဒသမ ၀၂ km) မိုင်တိုင် အမှတ် မှ စတင်ကာ နောင်နွမ်းပူးပေါင်းဂိတ်အနီး(၆၃၉ km)မိုင်တိုင်အမှတ်အထိ ကတ္တရာကွန်ကရစ်  မြို့ရှောင် လမ်း ဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လမ်းလုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါမြို့ရှောင်လမ်းသည် အကျယ် ၇ မီတာ၊ အရှည် ၁၀ ကီလိုမီတာကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အပြီးဖောက်လုပ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)

2

1