ကျိုင်းတုံ ဇူလိုင် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သည့် ပြည်သူများအား ဇူလိုင် ၂၂ ရက်က ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်းသိရသည်။
ကျိုင်းတုံမြို့တွင် ဇူလိုင် ၂၁ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ်(၄) ရပ်ကွက်မှ နေအိမ် သုံးလုံးနှင့် ယန်းလောကျေးရွာမှ နေအိမ် သုံးလုံး စုစုပေါင်း နေအိမ် ၆ လုံး ရေတိုက်စားပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု ခြောက်စု၊ လူဦးရေ ၃၄ ဦး ရေဘေးသင့် ခဲ့ကြောင်းသိရသည်။
အဆိုပါရေဘေးသင့် နေအိမ် ခြောက်လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် ၁၂၀၀၀၀၀၊ ကယ်ဆယ်ရေးပစ္စည်း ၂၂ မျိုး၊ လူဦးရေ ၃၄ ဦးအတွက် ဆန်ရိက္ခာ ခုနစ်ရက်စာ ငွေကျပ် ၇၁၄၀၀ အား ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီဌာနမှူး ဦးHကံထူးနှင့် ဝန်ထမ်းများက ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


