mdn

ကျိုင်းတုံ   အောက်တိုဘာ   ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အလုံးရေ ၇၄၃၂ ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ အောက်တိုဘာ ၂၂ ရက် ညနေ ၄ နာရီခွဲတွင် ရောက်ရှိခဲ့သည်။

ပို့ဆောင်လာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား အလုံးရေ ၇၄၃၂ နှင့် ဆေးထိုးအပ်များ ကျိုင်းတုံမြို့သို့ ရောက်ရှိမှုကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်းနှင့် တာဝန်ရှိသူများက လက်ခံကြပြီး ရောက်ရှိလာသည့် Sinopharm အမျိုးအစား အလုံးရေ ၇၄၃၂ သည် တစ်လုံးလျှင် လူဦးရေ ငါးဦး ထိုးနှံပေးနိုင်ပြီး လူဦးရေ ၃၇၁၆၀ စာအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မြို့နယ်များအလိုက် ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆက်လက် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)