ကျိုင်းတုံ ၂၁ ဇွန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးနည်းပညာဆိုင်ရာ ဆွေးနွေးပွဲနှင့် မျိုးစေ့၊ မြေသြဇာ၊ ပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ယန်းခအုပ်စုရှိ ကြိတ်ခေါင်(လယ်)ရွာ၌ ကျင်းပသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက စိုက်ပျိုးရေးနည်းပညာဆိုင်ရာ ဆွေးနွေးပွဲနှင့် မျိုးစေ့၊ မြေသြဇာ၊ ပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာသည့် တောင်သူ(၆၉)ဦး တို့အား ရွှေရင်အေးစပါးမျိုးစေ့နှင့် ပျိုးသတ်ဆေး၊ မြေသြဇာများ ပေးအပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် တောင်သူများက စိုက်ပျိုးရေးနည်းပညာနှင့် ပတ်သက်၍ မေးမြန်းရာ ဒုတိယပြည်နယ် ဦးစီးမှူး ဦးလှဝင်းက ပြန်လည်ရှင်းလင်း ပြောကြားပေးခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)


