ကျိုင်းတုံ  ၁၉  ဇန်နဝါရီ 

“လူထု၏အင်အားမှသည် ငြိမ်းချမ်းရေးဆီသို့” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပသည်။

 

9871

 

အဆိုပါ ပန်းချီပြိုင်ပွဲတွင် ကျိုင်းတုံမြို့ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၂၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဇန်နဝါရီ ၂၃ ရက်တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ပန်းချီပြိုင်ပွဲကို မော်ကွမ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ လူငယ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ပေးရေးစီမံချက်မှ ငြိမ်းချမ်းလုပ်ငန်းစဉ်တွင် လူငယ်များ ပူးပေါင်းပါဝင်လာပြီး လူထု၏ စိတ်ဝင်စားမှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)