ကျိုင်းတုံ ၁၁ ဇူလိုင်
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ခြင်းနှင့် သတင်းအချက်အလက်များနှင့် ကြိုတင်ကာကွယ် ပြင်ဆင်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများအား ကျောင်းသားလူငယ်များ အနေဖြင့် သိရှိနားလည်ပြီး လုပ်ဆောင်တတ်စေရန်ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှူးရုံးနှင့် ပညာရေးဦးစီဌာနတို့ ပူးပေါင်းကျင်းပသော အသိပညာပေး ဟောပြောပွဲကို အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမဆောင်၌ ဇူလိုင်(၁၁)ရက်၊ နံနက်(၁၀)နာရီက ကျင်းပသည်။
ဟောပြောပွဲ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်မှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် သက်ငယ်မုဒိမ်းမှုကြိုတင်ကာကွယ်တာဆီးရေးဆိုင်ရာ အသိပညာများနှင့် ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ပြီး ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေက သဘာဝပတ်ဝန်းကျင်ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ခြင်းနှင့် တုန့်ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ အသိပညာများနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ကြောင်း ခရိုင် ပြန်/ဆက်မှ သိရသည်။
MDN


