ကျိုင်းတုံ ၁၄ ဒီဇင်ဘာ
သွေးအလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် (၅)ကြိမ်နှင့်အထက် သွေးလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်ခင်လှိုင်က အဖွင့်မိန့်ခွန်းပြောကြားပြီး သွေးအလှူရှင် (၂၅)ဦး၊ သွေးလှူရှင်အဖွဲ့အစည်းများနှင့် ပံ့ပိုးကူညီကြသော အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ရင်ထိုးတံဆိပ်များကို တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများစုစုပေါင်း အင်အား (၂၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)