ကျိုင်းတုံ ၂၃ ဇန်နဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ် (၁၃)နှစ်ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကို ကျိုင်းတုံတက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ဇန်နဝါရီ ၂၃ ရက်နေ့ နံနက် ၉နာရီက ကျင်းပသည်။

ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေ၊ ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူးဦးရဲနိုင်၊ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စမ်းစမ်းမာနှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာမြတ်ညွှန့်တို့က ကျိုင်းတုံတက္ကသိုလ်(၁၃)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဈေးရောင်းပွဲတော် အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေ၊ ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူးဦးရဲနိုင်၊ တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများက ဈေးရောင်းပွဲတော်၊ ဈေးဆိုင်ခန်းများအား လှည့်လှည် ကြည့်ရှုအားပေးခဲ့ကြသည်။အဆိုပါ ဈေးရောင်းပွဲတော်၌ တြိဂံဒေသတိုင်းစစ်ဌာချုပ် တပ်ရင်း/ တပ်ဖွဲ့များမှ စိုက်ပျိုးထားသော အသီးအနှံများနှင့် မွေးမြူရေး ကြက်ဉများ၊ ကျိုင်းတုံတက္ကသိုလ် မေဂျာပေါင်းစုံမှ ကျောင်းသား/ကျောင်းသူများက တိုင်းရင်းသား ရိုးရာအစားအစာများ၊ လူသုံးကုန် ပစ္စည်းများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အားရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)