ကျိုင်းတုံ ၇ ဇန်နဝါရီ
အထူးတန်းဝင် ကော်ဖီထုတ်လုပ်မှု နည်းပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီက ကျိုင်းတုံမြို့ အမှတ်(၃) ရပ်ကွက်ရှိ တိုင်းလိ ယဉ်ကျေးမှုခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးစတီဖန်က အဖွင့်စကားပြောကြားပြီး စိုက်ပျိုးရေး ဦးစီးဌာန(ရုံးချုပ်)မှ ကော်ဖီနှင့် ရာသီသီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လန်ချန်း-မဲခေါင် စီမံကိန်း စတင်အကောင်ထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကော်ဖီထုတ်လုပ်မှု နည်းပညာသင်တန်းသို့ တက်ရောက်လာသည့် တောင်သူများအား ကော်ဖီမျိုးစေ့များ၊ စိုက်ပျိုးနည်းပညာပေး စာစောင်များနှင့် ကော်ဖီအခွံချွတ်စက်များကို တာဝန်ရှိသူများက ပေအပ်ခဲ့ကြသည်။
အခမ်းအနားသို့ တက်ရောက်လာကြသော ကျိုင်းတုံခရိုင်နှင့် မိုင်းဆတ်ခရိုင်တို့မှ တောင်သူ ၁၅၀ ဦးအား ကော်ဖီ၊ ရော်ဘာ၊ နှစ်ရှည်သီးနှံပင် စိုက်ပျိုးခြင်း အထူးတန်းဝင် နည်းပညာများကို သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
MDN
