ကိုပစ်-၁၉ တိုက်ဖျက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာထားသော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်နိုင်ငံက ချိတ်ဆက်ဆောင်ရွက်သွားမည်

ပေကျင်း ၈ မေ

တရုတ်နိုင်ငံသည် ကိုဗစ်-၁၉တိုက်ဖျက်ရန် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ကြေညာထားသော နိုင်ငံတကာပူးတွဲ ဆောင်ရွက်မှုတွင် ချိတ်ဆက်ဆောင်ရွက်သွားရန် ဆုံးဖြတ် ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူက မေ ၇ ရက်နေ့က ပြောကြားလိုက်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ရို့စ်အက်ဟာနွန်က ကာကွယ်ဆေးရှာဖွေစမ်းသပ်မှု၊ ထုတ်လုပ်မှုနှင့် မျှတစွာ ဖြန့်ဖြူးမှုများ၊ ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ ရောဂါရှာဖွေမှု များနှင့်ရောဂါကုသမှုများတွင် အရှိန်မြှင့်လုပ်ဆောင်ရန် နိုင်ငံတကာ ပူးတွဲဆောင်ရွက်မှု တစ်ခုကို ပြီ ၂၄ ရက်က ကြေညာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဦးဆောင် အခန်းကဏ္ဍကို ထောက်ခံသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ တကာပူးတွဲဆောင်ရွက်မှုတွင် ပါဝင်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က သတင်းစာရှင်းလင်း ပွဲတစ်ခုတွင် ပြောကြားလိုက်သည်။

ဗိုင်းရပ်စ်သည် နယ်စည်းများကန့်သတ်ထားရှိထား သည်ကို မသိရှိကြောင်း၊ နိုင်ငံတိုင်းမှ ပြည်သူများအနေဖြင့် ကာကွယ်ဆေးနှင့် ဆေးဝါးများကို အညီအမျှ ရရှိသင့် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဗိုင်းရပ်စ်ဖြစ်ပွားပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံသည် ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ မျိုးရိုးဗီဇအချက်အလက်များကို အခြားနိုင်ငံများနှင့် ချက်ချင်းမျှဝေခဲ့ကြောင်း၊ ထို့အပြင် အချက်အလက်များကို သိပ္ပံပညာရပ်ဆိုင်ရာ သုတေသန ရလဒ်များအတွက် မူဘောင်တစ်ခုတည်ဆောက်ပြီးဆေးဝါး နှင့် ကာကွယ်ဆေးသုတေသနနှင့် တိုးတက်မှုများရရှိရန် နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဆင်ဟွာ