ကြို့ပင်ကောက်  ၅  အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားပြီး အလှူရှင်များလှူဒါန်းသော အလှူငွေကျပ် ၂၁ သိန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။

 

ကြို့ပင်ကောက်မြို့တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ သုံးဦး စစ်ဆေးတွေ့ရှိခဲ့ပြီး တစ်ဦးမှာ ရောဂါပျောက်ကင်း သက်သာသွားပြီးဖြစ်၍ ဆေးရုံမှဆင်းခွင့်ရရှိသွားပြီဖြစ်ကာ ကျန်နှစ်ဦးအား မြို့နယ် ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်ကုသပေးလျက်ရှိကြောင်း သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)