ကြို့ပင်ကောက် ဇူလိုင် ၉

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန် ဖျားနာလူနာများအား (အခမဲ့)ကုသပေးသည့် သုခတုပ်ကွေးဆေးခန်းကို သဲကုန်းရပ်ကွက် အောင်သပြေလမ်းတွင် ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သုခတုပ်ကွေး(အခမဲ့)ဆေးခန်းကို ကြို့ပင်ကောက်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှတပ်ဖွဲ့မှူး ဒေါ်ခင်သန်းနိုင်နှင့် သူနာပြုတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းမှ ဆရာဝန်များက နေ့စဉ်ပိတ်ရက်မရှိ စစ်ဆေးကုသ ပေးလျက်ရှိရာ လူနာအရေအတွက်များပြားလာခြင်း၊ လူနာများအားဖြည့်ဆည်းပေးရန် ထိုးဆေးနှင့် သောက်ဆေးဝယ်ယူရန် အခက်အခဲရှိနေခြင်းတို့ကြောင့် ဇူလိုင် ၉ ရက်မှစ၍ တစ်ပတ်လျှင် အင်္ဂါနေ့၊ ကြာသပတေးနေ့၊ သောကြာနေ့နှင့် တနင်္ဂနွေနေ့တို့တွင် ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ပြီး တစ်ရက်လျှင် ပျမ်းမျှလူနာ ၂၀ ဦးခန့် ကုသပေးနေရကြောင်း သိရသည်။

အဆိုပါ ဆေးနှင့် အထောက်အကူပြုပစ္စည်းများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် အလှူငွေများ ဆက်သွယ်လှူဒါန်း လိုပါက ဒေါက်တာဇော်လင်းအောင် ၀၉၅၃၇၄၅၆၄ ၊ ဒေါက်တာဇော်မျိုးလင်း ၀၉၂၆၀၅၀၆၁၆၆၊ ဒေါက်တာ မျိုးဇင်ဦး ၀၉၄၃၀၄၂၄၁၁ ၊ ဒေါက်တာရန်ပိုင်ဖြိုး ၀၉၇၇၃၅၃၄၉၈၉ ၊ ဒေါ်ခင်သန်းနိုင် ၀၉၄၃၀၅၆၉၃၀ နှင့် CB Bank acount 3571083072720138 တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

အဆိုပါ သုခတုပ်ကွေးဆေးခန်းအား ၂၀၂၀ ပြည့်နှစ် ဧပြီ ၄ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တာဝန်ခံဆရာဝန်များနှင့် မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များမှ အလှည့်ကျ စောင့်ရှောက်ကုသပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)