ကြို့ပင်ကောက် ၁၃ ဖေဖော်ဝါရီ
ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ လျှပ်စစ်မီး မရရှိသေးသော ကျေးလက်ဒေသများအား စိုက်ပျိုးရေး ဦးစီးဌာန၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ(KOICA)နှင့် ကိုရီးယား ရာသီဥတု ပြောင်းလဲမှုဗဟိုဌာန (Korea Climate Chane Center)တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထင်းသုံးစွဲမှု လျှော့ချရေး၊ သစ်တောပြုန်းတီးမှုများကာကွယ်နိုင်ရေးနှင့် ကာဗွန်ထုတ်လုပ်မှု လျှော့ချနိုင်ရေးတို့အတွက် ကျေးရွာအုပ်စု (၄၈)အုပ်စု ၊ ကျေးရွာခွဲပေါင်း (၂၂၅)ရွာရှိ အိမ်ထောင်စုပေါင်း ၂၀၅၀၄ စုတို့အား အိမ်ထောင်စု တစ်စုလျှင်(၁)လုံးနှုန်းဖြင့် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ကြို့ပင်ကောက်မြို့နယ်အတွင်း ပထမအသုတ်အနေဖြင့် ကျေးရွာအုပ်စု (၂၅)အုပ်စုရှိ အိမ်ထောင်စု (၁၀၂၅၂)စုအား ဖေဖော်ဝါရီလ ၉ ရက်နေ့မှစ၍ အဖွဲ့(၃)ဖွဲ့ခွဲကာ သစ်တောဧရိယာနှင့် နီးစပ်သော ကျေးရွာများကို ပထမအသုတ်အနေဖြင့် ကျေးရွာအရောက် ဖေဖော်ဝါရီလအတွင်း အခမဲ့ဖြန့်ဝေ ပေးလျှက်ရှိပြီး ဒုတိယအသုတ် မီးဖိုများရောက်ရှိလာပါက ကျန်ရှိသောကျေးရွာများသို့ ဆက်လက် ဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဌေးက ပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)
