ကြို့ပင်ကောက်  ၁၀ အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်တွင် သီတင်းကျွတ်ကာလ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ညပိုင်းပိတ်ဆို့ရှာဖွေမှုများကို မြို့နယ်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများဖြင့် ပူးပေါင်း၍ ညပိုင်းပိတ်ဆို့ရှာဖွေမှုများကို အောက်တိုဘာ ၉ ရက် ည ၅ နာရီမှ ၉ နာရီထိ ရန်ကုန်-ပြည်ကားလမ်း ရွှေကျွန်းတော ဓာတ်ဆီဆိုင်ရှေ့တွင် Spot check သတ်မှတ်၍ ဆောင်ရွက်ခဲ့သည်။

 

1

 

မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းအောင်က “ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့က ခရီးသည် တင်ယာဉ်တွေ မီးဘေးလုံခြုံရေးအတွက် သတ်မှတ်ထားသော မီးသတ်ဆေးဘူးများပါမပါ စစ်ဆေးပြီး အသိပညာပေး ဆောင်ရွက်ပါတယ်” ဟုပြောကြားသည်။

 

5

 

အဆိုပါ ညပိုင်းပိတ်ဆို့ရှာဖွေမှုများကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်မှဦးဆောင်၍ မြို့နယ် ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အင်အား ၃ဝ ဦး တို့ဖြင့်မြို့နေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေး၊ လူကုန်ကူးမှုပပျောက်ရေးအတွက် ဖြတ်သန်းသွားလာသော ခရီးသည်တင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ဥပဒေနှင့်မလွတ်ကင်း သည့်ပစ္စည်းများ၊ လူကိုအန္တရာယ်ဖြစ်စေသော တုတ်၊ ဓား၊ လက်နက်များအား ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)