ကြို့ပင်ကောက် အောက်တိုဘာ ၂၉

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာ‌ရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ အသိပညာ ဗသုသုတများ တိုးပွား‌လာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဆောင်ရွက်ခြင်းကို အောက်တိုဘာ ၂၈ ရက်က ပြုလုပ်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မူလတန်းလွန် လက်ပံပင်စုကျောင်း၌ မြို့နယ် ပြန်ဆက်ဦးစီးမှူး ဒေါ်ဝင်းလေးက ကလေးငယ်များကို အတန်းပညာသာမက ပြင်ပဗဟုသုတရရှိရန် စာအုပ်ကောင်း များကို လေ့လာဖတ်ရှု့စေလိုကြောင်း ပြောကြားပြီး စာဖတ်ခြင်းသည် မိမိကိုယ်သာမက မိမိ၏ မိသားစုဘဝကိုလည်း များစွာပြောင်းလဲနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

 

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်တင်တင်ဝင်းက ကျောင်းသား ကျောင်းသူလေးများကို ကိုယ်လက် လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်းနှင့် စက္ကူပြဇတ်ဖြင့်ပုံပြောခြင်း ပုံပြင်ပြောခြင်းများဖြင့် အသိပညာ ပေးပြောကြားသည်။

 

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရာတွင် လက်ပံပင်စု မူလတန်းလွန်ကျောင်းရှိ ကျောင်းသား ကျောင်းသူ(၁၅၀)ကျော်အား သုတ ရသ ရုပ်ပြ မဂ္ဂဇင်း စာစောင်များကို ဖတ်ရှုစေခြင်းအပြင် လူကုန်းကူးမှုနှင့် သဘာဝဘေးအန္တရာယ် သိကောင်းစရာ စာဖတ်ရှိန်မြှင့်တင်ရေး စသည့်နံရံကပ် စာစောင်များ ပြသခြင်းတို့ဆောင်ရွက်ခဲ့သည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)