ကြို့ပင်ကောက်မြို့တွင် Express ကားနှင့် ၁၂ ဘီး ကုန်တင်ကား မျက်နှာချင်းဆိုင်တိုက်မိ တစ်ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရ

ကြို့ပင်ကောက် ၂၅  မေ 


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ရန်ကုန်ပြည်ကားလမ်း အောင်မြင်မြင့်မိုရ် ဆေးရုံရှေ့၌ ဧရာသစ္စာ ခရီးသည်တင် Express ကားနှင့် ၁၂ ဘီးကုန်တင်ကားတို့ မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ ရန်ကုန်မှ ပြည်ဘက်သို့ မောင်နှင်လာသော HI/---- ဧရာသစ္စာကားနှင့် ကြို့ပင်ကောက်မြို့ထဲမှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော 7K/---- ၁၂ ဘီး ကုန်တင်ကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ ဧရာသစ္စာကားမှ ယာဉ်နောက်လိုက် ရဲထွန်းနောင် (ခ) အားမာန် ဥသျှစ်ပင်မြို့နေသူမှာ သေဆုံးသွားပြီး ဒဏ်ရာရလူနာ ၂၄ ဦးနှင့် အရေးပေါ်လူနာ ၅ ဦးတို့အား အောင်မြင်မြင့်မိုရ် ဆေးရုံတွင် ကနဦး ဆေးကုသမှုခံယူစေခဲ့ရသည်။

 

1


ယင်းနောက် မြို့နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသပေးလျက်ရှိပြီး ယာဉ်တိုက်မှုကြောင့် ရန်ကုန်ပြည် အဝေးပြေးကားလမ်းအား ၄ နာရီခွဲအထိ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။


အဆိုပါယာဉ်တိုက်မှုအား ကြို့ပင်ကောက် မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေး၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဇေယျာထွန်း(ကြို့ပင်ကောက်)

 

1