ကြို့ပင်ကောက် ၂၈ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် နွေရာသီပညာဒါနအင်္ဂလိပ်စာ အခမဲ့သင်တန်းကို အထက(ပန်းတင်) ကျောင်းသားကျောင်းသူဟောင်းများမှစီစဉ်၍ အထက(ပန်းတင်)ကျောင်း မင်းခေါင်ခန်းမတွင် မတ်လ ၁၈ ရက်မှစတင်ပြီး တစ်လကြာသင် ကြားပို့ချပေးသွားမည်ဖြစ်သည်။
“လေးတန်းဖြေဆိုပြီး ငါးတန်းတက်ရောက်မယ့် ကလေးတွေနဲ့ ငါးတန်းဖြေဆိုပြီး ခြောက်တန်း တက်ရောက်မယ့် ခလေးတွေကို အင်္ဂလိပ်စာဘာသာရပ်မှာ အခြေခံအဆင့်ကစပြီး ကျွမ်းကျင်စွာတတ်မြောက်စေရန်နဲ့ အားလုံးလက်လှမ်းမှီတဲ့ ပညာရေးစနစ် ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပါတယ်။ ပထမဆုံး ကျောင်းအပ်လက်ခံတဲ့ ဖေဖော် ဝါရီလ ၂၃ ရက်မှာပဲ သင်တန်းသား ၈၀ ပြည့်သွားလို့ ကျောင်းအပ်လက်ခံတာကို ရပ်လိုက်ရတယ်” ဟု သင်တန်းဖြစ် မြောက်ရေးအဖွဲ့မှ ကျောင်းသားဟောင်း ကိုထွန်းလင်းနိုင်က ပြောသည်။
သင်တန်းကို အထက(ပန်းတင်)ကျောင်း အငြိမ်းစားဆရာကြီးဖြစ်သော ချောင်ခွဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးသုန္ဒရ နှင့် ဆရာ ဆရာမများကြီးကြပ်၍ မတ်လ ၁၈ ရက်နေ့မှစပြီး နေ့စဉ် နံနက် ၈ နာရီမှ ၁၁ နာရီအထိ အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တို့တွင် သင်ကြားပေးသွားမည်ဖြစ်သည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)