ကြို့ပင်ကောက် ၁၇ မေ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မေလပထမပတ်မှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ကြို့ပင်ကောက်မြို့တွင် အသက်(၁၈)နှစ်ပြည့် လူဦးရေ ၉၅၃၄၉ ဦးရှိပြီး နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ရန်ကျန်ရှိသူ ၄၈၇၉ ဦးအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုလိုဆောင်ရွက်ရာတွင် အိမ်ထောင်စုဇယားမရှိသေးသည့် အိမ်ထောင်စုများ၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြား ပြည်သူများ၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသော ပြည်သူများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးဦးခင်မောင်ထံမှ သိရသည်။

 

အဆိုပါ ပန်းခင်းစီမံချက်ကို ကြို့ပင်ကောက်မြို့တွင် ရပ်ကွက်ကျေးရွာအုပ်စု ၅၉ အုပ်စုမှ ကျေးရွာပေါင်း ၂၇၇ ရွာသို့ ဝန်ထမ်းများမှ နည်လှည့်ကွင်းဆင်းပြီး ၂၀၂၁ ခုနှစ် မေလ ပထမပတ်မှစ၍ ၁၈ လ အချိန်ယူပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)