ပေါင်းတည်  ၅  မေ 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကြို့ပင်သာကျေးရွာ၌ ကျေးရွာတွင်း ကျောက်ရောမြေနီလမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်‌လျက်ရှိ‌သည်။

ကြို့ပင်သာ ကျေးရွာတွင် ကျောက်ရောမြေနီ ခင်းခြင်းလုပ်ငန်း အရှည်ပေ ၂၈၀၀ ၊ အကျယ် ၁၂ပေ၊ ကိုးလက်မ ထုအား ယခုဘဏ္ဍာနှစ် တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေကျပ် ၅ ဒသမ ၃သန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများ၏ နည်းပညာအကူအညီ၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပေါင်းတည် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း က ပြောသည်။

အဆိုပါ ကျောက်ရောမြေနီလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက် ၁၀ နာရီက ပေါင်းတည် မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းနှင့် ဝန်ထမ်းများက ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်း ကျောက်ရောမြေနီခင်းကျင်း ဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ပြီး၊ လမ်းရေရှည်တည်တံ့ခိုင်မြဲရေး ကျေးရွာလမ်းကော်မတီနှင့် ကျေးရွာသူ ကျေးရွာသားများမှ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန်လိုအပ်ကြောင်း မြို့နယ်ဦးစီးမှူး က ဆွေးနွေးမှာကြားခဲ့သည်။


ငြိမ်းသူ