နေပြည်တော် ၁၄ ဇွန်
ကိုရီးယားသမ္မတနိုင်ငံSBS’s ရုပ်သံလိုင်းမှ နာမည်ကျော်ရုပ်သံအစီအစဉ်ဖြစ်သည့်“ Law of the Jungle”၏ ဇာတ်ဝင်ခန်းများကို ယမန်နေ့က ကျောက်ဆည်မြို့အနီး ဒီးဒုတ်ရေတံခွန်၊ ဆင်စခန်းနှင့် ညောင်ရွှေမြို့နယ် အင်းလေးကန်တို့တွင် အဖွဲ့နှစ်ဖွဲ့ခွဲ၍ ရိုက်ကူးခဲ့သည်။

ထိုသို့ ရိုက်ကူးမှုကို အဖွဲ့ဝင် (၅၀)ဖြင့် ဇွန် ၉ ရက်မှ စတင်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ကိုရီးယားနိုင်ငံမှ နာမည်ကျော် Talent ၃ ဦးဖြင့် ဒီးဒုတ်ရေတံခွန်တွင် ငါးဖမ်းခြင်း၊ ချက်ပြုတ်စားသောက်ခြင်းနှင့် ဆင်စခန်းတွင် ဆင်များအား ရေချိုးပေးခြင်း၊ အင်းလေးကန်တွင် အင်းသားတစ်ဦးထံမှ ငါးဖမ်းသင်ယူခြင်း၊ ခရမ်းချဉ်သီးစိုက်ခင်းများ၌ ခူးဆွတ်ခြင်းများကို ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ရိုက်ကူးမှုများကို ကိုးရီးယားနိုင်ငံ၏ SBS’s ရုပ်သံအစီအစဉ်တွင် ယခုနှစ်အတွင်း ထုတ်လွှင့်ပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)