ရန်ကုန် ၈ ဇွန်
ကိုရီးယာနိုင်ငံနှင့် အခြားပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြပြီး နိုင်ငံတကာ လေကြောင်းလိုင်းများ ပိတ်ထားသဖြင့် ပြန်လာရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများသည် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ စီစဉ်ဆောင်ရွက်မှုဖြင့် ယနေ့ ညပိုင်းက
သတ္တမအကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
ယင်းသို့ပြန်လည်ရောက်ရှိလာရာတွင် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား (၅၈) ဦး၊ အခြားပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသား (၈၇) ဦး၊ မြန်မာသင်္ဘောသား (၂၄) ဦး စုစုပေါင်းခရီးသည် (၁၆၉) ဦး လိုက်ပါလာခဲ့ကြောင်း သတင်းရရှိသည်။