နေပြည်တော်  ၁၃  မေ

 

ကိုရီးယားသမ္မတနိုင်ငံ အခြေစိုက် INNO Group ဥက္ကဋ္ဌ Mr.Seog-Chang Son သည် ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်အား ယနေ့၊ နံနက် ၁၁  နာရီတွင် လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါ ကုသ၊ ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းစဉ်တွင် အသုံးပြုနိုင်ရန်အတွက် သံအမတ်ကြီးနှင့် ယခင်တွေ့ဆုံဆွေးနွေး ထားသည့် INNO Group မှ မြန်မာနိုင်ငံသို့ လှူဒါန်းမည့် ဆေးပစ္စည်းများ အနက်  မြန်မာကျပ်ငွေ သိန်း  ၁,၀၀၀ နှင့်ညီမျှ‌သော Du Pont ကုမ္ပဏီထုတ် PPE Level D Kit Full Set အစုံ ၂,၀၀၀ အား ပေးအပ်ရာ သံအမတ်ကြီး ဦးသန့်စင်က  INNO Group သို့  ဂုဏ်ပြုလွှာ ပေးအပ်သည်။

 

အဆိုပါ PPE Level D Kit Full Set အစုံ ၂,၀၀၀ အား Myanmar Airways International (MAI) လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ဆောလျင်စွာ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်