နေပြည်တော် ၃၀ ဇူလိုင် 

ကိုရီးယားသမ္မတနိုင်ငံ Korean Broadcasting System, National Public Broadcaster of Korea ရုပ်သံလိုင်းမှ ရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် ရန်ကုန်မြို့ရှိ ကလေးဆေးရုံကြီးတွင် ကလေးများအား ကျန်းမာရေးစောင့်ရှောက်မှု မှတ်တမ်းရိုက်ကူးသည်။      

 

1

 

အဆိုပါအဖွဲ့သည် ယမန်နေ့က လှည်းကူးမြို့၊ မေဃဝတီ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ပြီး School wash training အမည်ဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် လက်ဆေးခြင်း၊ သွားတိုက်ခြင်း ပညာပေးအစီအစဉ်များနှင့် ကျောက်အိုင်ကျေးရွာတွင် ယင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီး ဦးရန်နိုင်ဆွေနှင့်အဖွဲ့ ကွင်းဆင်းကုသနေပုံများကို ရိုက်ကူးခဲ့ကြောင်း၊ ဇူလိုင် ၃၁ ရက်တွင် လှည်းကူးမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင် သက်ကြီးရွယ်အိုများအား ဆေးစစ်ခြင်း၊ ကိုယ်ကာယ လှုပ်ရှားမှုပြုလုပ်ခြင်းများကို ဆက်လက်ရိုက်ကူးမည်ဖြစ်သည်။

ထိုသို့ ရိုက်ကူးရာတွင် Korea Foundation For International Healthcare Myanmar Office(kofih) အစီအစဉ်ဖြင့် ဆေးကုသနေပုံများ၊ (kofih) မှ လှူဒါန်းထားသည့် ပစ္စည်းများဖြင့် ကလေးများ၏ ကျန်းမာရေးအတွက် အသုံးချနေပုံများ၊ ကျန်းမာရေးနှင့် ပတ်သက်သည့် နေထိုင်မှုပုံစံနှင့် ကျန်းမာရေးအလေ့အကျင့်များ ဆောင်ရွက်နေမှုများကို အဓိကရိုက်ကူးခြင်းဖြစ်ပြီး ၎င်းအစီအစဉ်ကို (Korean Broadcasting System, National Public Broadcaster of Korea) ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

FDC