ဆိုးလ် ၁၉ မေ

 

ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းမိသားစုများမှ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်၌ အသုံးပြုရန်အတွက် JLK Inspection ကုမ္ပဏီမှ ထုတ်လုပ်သည့် ဝမ် ၃၄၀ သိန်း (ကျပ် ၃၈၄ သိန်းခန့်) တန်ဖိုးရှိ HandMed Portable X-Ray machine နှင့် ဝမ် ၃၇.၅၀ သိန်း (ကျပ် ၄၂.၂၇ သိန်းခန့်) တို့အား မြန်မာ-ကိုရီးယား သံတမန်ဆက်ဆံရေး (၄၅) နှစ်မြောက် အခါသမယ နေ့ဖြစ်သည့် ယနေ့တွင် ပေးအပ်လှူဒါန်းသည်။

 

အဆိုပါ Portable X-Ray machine အား မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) မှတစ်ဆင့် မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပို့ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ဝမ် ၃၇.၅၀ သိန်း အား မြန်မာနိုင်ငံရှိ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေစာရင်းသို့ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။

 

MDN