ကိုရီးယားသမ္မတနိုင်ငံသမ္မတ မစ္စတာ မွန်ဂျေအင်းကို ၁၉၅၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ တွင် မွေးဖွားခဲ့သည်။ ဘူဆန်မြို့ရှိ ဂယောင်းနမ်း အထက်တန်းကျောင်းတွင် ပညာသင်ယူခဲ့ပြီး၊ ဆိုးလ်မြို့ရှိ ဂယောင်းဟီးတက္ကသိုလ်မှ ဥပဒေပညာဘွဲ့ ရရှိခဲ့သည်။ 


၁၉၈၂ ခုနှစ်တွင် သမ္မတဟောင်း မစ္စတာ နိုမူဟွန်း (ကိုရီးယားသမ္မတနိုင်ငံ၏ ၁၆ ကြိမ်မြောက် သမ္မတ)နှင့်အတူ လူ့အခွင့်အရေးနှင့် လူမှုအဖွဲ့အစည်းများဆိုင်ရာ အထူးပြုဥပဒေရုံးအား တည်ထောင် ခဲ့သည်။ ၂၀ဝ၃ ခုနှစ်မှ ၂၀ဝ၅ ခုနှစ်အထိ လူမှုရေးရာနှင့် လူမှုအဖွဲ့အစည်းရေးရာဥက္ကဋ္ဌ၏ အကြီးတန်းအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၂၀ဝ၇ ခုနှစ် တွင် သမ္မတအိမ်တော်၏ အတွင်းဝန်အကြီးအကဲနှင့် ဒုတိယအကြိမ် တောင်-မြောက် ထိပ်သီးအစည်းအဝေး မြှင့်တင်ရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် နိုမူဟွန်း ဖောင်ဒေးရှင်းဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၂၀၁၁ ခုနှစ်တွင် ဆန်းသစ်တီထွင်မှုနှင့် ပေါင်းစည်းရေးဆိုင်ရာ အမြဲတမ်းတွဲဖက်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် (၁၈) ကြိမ်မြောက် သမ္မတရွေးကောက်ပွဲ၌ ဒီမိုကရက်တစ်ယူနိုက်တက်ပါတီ ကိုယ်စားလှယ်နှင့် (၁၉) ကြိမ်မြောက် အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် ဒီမိုကရက်တစ်ယူနိုက်တက် ပါတီ၏ အကြံပေးပုဂ္ဂိုလ် အဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် ဒီမိုကရေစီနိုင်ငံရေး မိတ်ဖက်သစ် ကြားဖြတ်ကော်မတီ အဖွဲ့ဝင်နှင့် နျူကလီးယားစက်ရုံဆိုင်ရာ အထူးတုံ့ပြန်ဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ အဖြစ်လည်းကောင်း ရာထူးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် (၁၉) ကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲ၌ ဝင်ရောက်အရွေးချယ်ခံခဲ့ပြီး သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။


သမ္မတကြီးသည် မစ္စစ် ကင်မ်ဂျောင်းဆုနှင့် လက်ထပ်ခဲ့ပြီး သားတစ်ဉီးနှင့် သမီးတစ်ဦး ထွန်းကားခဲ့သည်။

 

제19대


ကိုရီးယားသမ္မတနိုင်ငံသမ္မတ၏ ဇနီး မစ္စစ် ကင်မ်ဂျောင်းဆု၏ ကိုယ်ရေးအကျဉ်း


ကိုရီးယားသမ္မတနိုင်ငံသမ္မတ၏ဇနီး မစ္စစ် ကင်မ်ဂျောင်းဆုကို ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဆွန်းမြောင်းမိန်းကလေးကျောင်းတွင် အလယ်တန်းနှင့် အထက်တန်း ပညာ သင်ယူခဲ့ပြီး၊ ဆိုးလ်မြို့ရှိ ဂယောင်းဟီးတက္ကသိုလ်မှ အဆိုပညာဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။


၁၉၇၈ မှ ၁၉၈၂ ခုနှစ်အထိ ဆိုးလ်မြို့တော်သံပြိုင်အဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင် "ဂျောင်းဆုနှင့် အနုပညာမိတ်ဆွေများ စကားစမြည်" စာအုပ်အားရေးသား ထုတ်ဝေခဲ့သည်။


မစ္စစ် ကင်မ်ဂျောင်းဆု သည် သားတစ်ဉီးနှင့် သမီးတစ်ဦး ထွန်းကားခဲ့သည်။