ကိုရိုနာဗိုင်းရပ် ကိုဗစ်-၁၉  ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ထိန်းချုပ်ရေးအတွက် ညောင်ရွှေမြို့နယ်အတွင်း နေရာ(၆)ခု၌ ပူးပေါင်းအဖွဲ့များမှ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်

ညောင်ရွှေ   ၆   ဧပြီ     

လတ်တလော ကမ္ဘာနှင့်အဝှမ်း ကူးစက်ဖြစ်ပွားနေသည့် Coronavirus Disease 2019 (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသည် ကူးစက်ပြန့်နှံ့မှုလျင်မြန်လျက်ရှိရာ ညောင်ရွှေမြို့နယ်အတွင်းသို့ (COVID-19) ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ် ထိန်းချုပ်ရေးအတွက် မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊  ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့များသည် ညောင်ရွှေမြို့နယ်အတွင်း အဓိကဝင် ရောက်နိုင်သည့် နေရာများဖြစ်သည့် မြို့အဝင်(ရွှေညောင်)၊ မြို့အဝင်(အေးသာယာ)၊ ပေါင်းပိုင်း (တောင် ပို့ကြီး)လမ်း၊ ကျွန်းတောင်-ကျောက်တလုံးလမ်း၊ မှော်ဘီအဝိုင်းပတ် လမ်းဆုံ၊ အင်းတိန်-အောင်ပန်းလမ်းတို့မှ ဝင်ရောက်လာသူများအားလုံးကို ဧပြီ ၆ ရက် နံနက်ပိုင်းမှစတင်၍ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းအယ်ဘဲ