ခိုလမ် ၈ မတ်
ရှမ်းပြည်နယ်(တောင်းပိုင်း)၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၁၀ နာရီခွဲက ကိုရိုနာဗိုင်းရပ်စ် (COVID - 19) အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကို ပြလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခိုလမ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်လေးဝင်းတို့က ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ခိုလမ် ခုတင်-၁၀၀ ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာအောင်ကျော်စိန်မှ ကိုရိုနာဗိုင်းရပ်စ် (COVID -19) ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထားရန်၊ သိရှိလိုက်နာထားရန် စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးပေးသည်။

အခမ်းအနားသို့ Book Club ဥက္ကဋ္ဌနှင့်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း ၅၀ ခန့် တက်ရောက်ကြောင်း သိရှိရသည်။
ခင်လေးဝင်း (ပြန်/ဆက်)