၁၃ မတ်

 

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကို ကာကွယ်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ နည်းလမ်းတွေ ပေးထားပါတယ်။ ဒီနည်းလမ်းတွေကတော့-

 

၁။ လက်ကိုစနစ်တကျနဲ့ မကြာခဏဆေးပါ။လက်ကို ဆပ်ပြာ ဒါမှမဟုတ် အရက်ပြန် ပါတဲ့ သန့်စင်ဆေးနဲ့ မကြာခဏဆေးပါ၊ စနစ်တကျဆေးပါ။ လက်မှာကပ်ငြိနေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို ဖယ်ရှားပေးပါလိမ့်မယ်။

 

၂။   လူတွေနဲ့ဝေးဝေးနေပါ။

 

ချောင်းဆိုး နှာချေနေတဲ့ သူနဲ့ အနည်းဆုံး သုံးပေအကွာ ခွာနေပါ။ လူစုလူဝေးနဲ့ လုပ်ရတဲ့အလုပ်တွေကို ရှောင်ပါ။

 

၃။ MEN ကိုမထိပါနဲ့။ Mouth ပါးစပ်၊ Eyes မျက်စိနဲ့ Nose နှာခေါင်းတွေကို ကိုင်တွယ်တာ ပွတ်သပ်တာမလုပ်ပါနဲ့။ လက်က ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲ တိုက်ရိုက်ဝင်သွားပါလိမ့်မယ်။

 

၄။ချောင်းဆိုး နှာချေတဲ့အခါ တံတောင်ဆစ်ကို အသုံးပြုပါ။

 

လက်နဲ့အုပ်ပြီး ချောင်းဆိုးနှာချေတာက အဲဒီလက်နဲ့ တခြားနေရာတွေကို လိုက်ကိုင်တွယ်မိရင် တခြားသူတွေကို ဆက်ကူးစက်သွားနိုင်တယ်။ အဲဒါကြောင့် တစ်ရှူးအလွယ်တကူမရှိချိန်မှာ ချောင်းဆိုးနှာချေတဲ့အခါ တံတောင်ဆစ်ကို အသုံးပြုပါ။

 

၅။ ရောဂါလက္ခဏာတွေရှိနေရင် ဆေးကုသမှုခံယူပါ။ ငါ့များခွဲထား မလားဆိုတာကို မကြောက်ပါနဲ့။ ရောဂါပိုး ကူးစက်ခံရတယ်ဆိုရင်တောင် အများစုက ဆေးကုသမှုတွေနဲ့ ပျောက်ကင်းပါတယ်။ ကိုယ့်ဆီမှာ အဖျားရှိတယ်၊ ချောင်းဆိုးတယ်၊ အသက်ရှူရခက်တယ်ဆိုရင် ချက်ခြင်း ကုသမှု ခံယူပါ။

 

၆။ မဖြစ်မနေ mask တပ်စရာမလိုပါဘူး။

 

ဗိုင်းရပ်စ်ကူးစက်မှု အားလုံးလိုလိုက လက်ကနေတစ်ဆင့် ကူးစက်တာဖြစ်လို့ မဖြစ်မနေ mask တပ်စရာမလိုပါဘူး။ ကိုယ်က ချောင်းဆိုးနှာစေးပြီး ဖျားနေတဲ့သူဆိုရင်၊ ဖျားနာသူတွေကို ကုသမှု ပေးနေရသူ စောင့်ရှောက်နေရသူဆိုရင်၊ လူထူထပ်တဲ့ နေရာတွေမှာ အလုပ်လုပ်နေရသူဆိုရင်၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး အလုပ်လုပ်နေရသူဆိုရင် တပ်တာကောင်းပါတယ်။ ကျန်တဲ့သူတွေမလိုပါဘူး။ လက်ဆေးတာက ပိုအဓိက ကျပါတယ်။

 

၇။  ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက သတင်းနားထောင်ပါ။

 

ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်လို့ နိုင်ငံတိုင်းက အရေးပေါ်အခြေအနေ သဘောထားပြီး စမ်းသပ် ရှာဖွေနေကြတယ်။ ရောဂါပိုးရဲ့ အခြေအနေ၊ ကုသမှုနဲ့ နောက်ဆုံးသတင်းတွေကို မျက်ခြေမပြတ် ဘူးဆိုရင် ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အသုံးဝင်ပါတယ်။

 

ကာကွယ်ရမယ့် နည်းလမ်းတွေနဲ့ ကာကွယ်နည်းပုံစံတွေကို ဒီဗွီဒီယိုထဲမှာ ကြည့်နိုင်ပါတယ်။

 

https://web.facebook.com/watch/?v=1883515091955610

 

လက်ဆေးနည်းနာ အဖြာဖြာနဲ့ ပတ်သတ်ပြီး ဒီလင့်လေးမှာ ဝင်ဖတ်ကြည့်နိုင်ပါတယ် >>>

https://bit.ly/2TJcSh1

 

ရေးသားသူ-ဒေါက်တာသူရိန်လှိုင်ဝင်း

 

 “ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်