ရန်ကုန် ၁၄ မတ်

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့က ဦးစီးပြီး  ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်ရှိ ကနောင်ခန်းမ၌ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်သည်။

 

ကျန်းမာရေး အသိပညာပေး ဟောပြောပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုက အမှာစကားပြောကြားပြီး ရန်ကုန်အလုပ်သမားဆေးရုံကြီးမှ အထူးကုဆရာဝန် ဒေါက်တာစည်သူလင်းက (COVID-19) ရောဂါနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးသည်။

 

အဆိုပါ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးရုံးချုပ်မှ တာဝန်ရှိသူများ၊ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများ၊ အလုပ်သမားအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

မင်းသစ်(MNA)