၆ မေ

ကိုရိုနာဗိုင်းရပ်စ်ပိုးစတင် ပေါက်ပွားရာ ဝူဟန်မြို့ရှိ အထက်တန်းကျောင်းတွေ ဒီနေ့ပြန်ဖွင့်ရာ မျက်နှာဖုံးတပ်ဆင်ထားတဲ့ ကျောင်းသူ ကျောင်းသားတွေကို အပူချိန်တိုင်းပြီးမှာ ကျောင်ဝင်းထဲ ဝင်ခွင့် ပေးနေတာကို တွေ့ရပါတယ်။

 

ဟူဘေပြည်နယ်အတွင်းရှိ ကျောင်းများနဲ့ ဝူဟန်မြို့က ကျောင်းမှ စာသင်ခန်းတွေအတွင်းမှာ တစ်ခုံနဲ့တစ်ခုံ တစ်မီတာ အကွာမှာ ထားရှိပြီး တစ်ယောက်ချင်းစီ ထိုင်နိုင်ရန်သာ ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် စာသင်ခန်းကိုလည်း လူနည်းနည်းစီ အတွက်သာ ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ တက္ကသိုလ်ဝင်ခွင့်ဖြေမယ့် ဆယ်ကျော်သက်ရွယ် ကျောင်းသူ ကျောင်းသားများအတွက်သာ ကျောင်းတွေပြန်ဖွင့်တာ ဖြစ်ပါတယ်။

 

ဇန်နဝါရီလကတည်းက ဗိုင်းရပ်စ်ပိုးပျံ့နှံ့ကူးစက်လာတဲ့အတွက် ဝူဟန်ရှိကျောင်ပေါင်း ၁၂၁ ကျောင်းကို ပိတ်ထားလိုက်ရာ ဒီနေ့မှာတော့ ပထမဦးဆုံးအကြိမ်အဖြစ် စာသင်ခန်းတွင်းရှိ ကျောက်သင်ပုန်းနဲ့ ဒီဂျစ်တယ် ပြစက်နောက်မှာ ကျောင်းသားတွေ ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။

 

ကျောင်းပြန်မဖွင့်ခင်မှာ ကျောင်းသူ ကျောင်းသားတွေနဲ့ ကျောင်းဝန်ထမ်းတွေအားလုံး ဗိုင်းရပ်စ်ပိုးစမ်းသပ် စစ်ဆေးရသလို ကျောင်းဝင်းအတွင်းမှာလည်း သန့်ရှင်းရေးလုပ်ဆောင်ပြီး ပိုးသတ်ဆေး ဖျန်းထားပြီဖြစ်ပါတယ်။

 

တချို့ကျောင်းတွေမှာ ဆရာ ဆရာမနဲ့ ကျောင်းသူ ကျောင်းသားတွေ ကျောင်းရောက်ချိန်ကို ခွဲခြားထားမျိုး လုပ်ဆောင်ထားကြောင်း အစိုးရသတင်းစာ China Daily မှာဖော်ပြထားပါတယ်။

 

ရှန်ဟိုင်းဒစ်စနေလန်း ကိုလာမယ့် သီတင်းပတ်မှာ ပြန်လည် ဖွင့်လှစ်သွားမယ်လို့ မနေ့က ပြောကြားပါတယ်။

 

ဒါပေမယ့် နိုင်ငံခြားသားများအား တရုတ်နိုင်ငံ ဝင်ရောက်ခွင့်ကို တားမြစ်ထားဆဲဖြစ်ပါတယ်။ နိုင်ငံခြားရောက် တရုတ်နိုင်ငံသားတွေ အမိနိုင်ငံကို ပြန်မယ်ဆိုရင် ၁၄ ရက်တိတိ သီးသန့်နေထိုင်ပြီး စောင့်ကြည့်ခံပြီးမှ သက်ဆိုင်ရာ မိသားစုတွေဆီကို ပြန်ခွင့်ပေးမယ်လို့ သိရပါတယ်။

MDN
ကိုးကား - AFP