၃ စက်တင်ဘာ

 

 

အမေရိကန်နိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက အလားအလာ ကောင်းသော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖြန့်ဖြူးရေးအတွက် လာမည့် နိုဝင်ဘာ ၁ ရက်တွင် အဆင်သင့်ဖြစ်နေရန် ပြည်နယ်အစိုးရများအား ပြောကြားခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။

 

 

အမေရိကန်နိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက သြဂုတ်လ ၂၇ ရက်နေ့စွဲဖြင့် ကျန်းမာရေးဌာနများသို့ စာရွက်စာတမ်းများ ပေးပို့ပြီး ခဲ့ပြီး ကာကွယ်ဆေးထိုးသည့် နေရာများကို နိုဝင်ဘာ ၁ ရက်တွင် အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ထားရန်နှင့် ခွင့်ပြုချက် လုပ်ထုံးလုပ်နည်းများကို အမြန်ဆုံး သို့မဟုတ် ကင်းလွတ်ခွင့်ပေးရန် တောင်းဆိုထားကြောင်း ABC ရုပ်မြင်သံကြားက ဖော်ပြထားသည်။

 

 

သို့သော် တရုတ်နှင့်ရုရှားတို့က ၎င်းတို့၏ ဆေးများကို အရေးပေါ် အသုံးပြုရန် ခွင့်ပြုထားကြောင်း အမေရိကန်ပြည်ထောင်စု အနေဖြင့်လည်း ၎င်းတို့၏ ကာကွယ်ဆေးများကို အရေးပေါ်သုံးရန် အသုံးပြုရန် အတည်ပြုလိမ့်မည်ဖြစ်ကြောင်း အမေရိကန် အာဏာပိုင်များက ပြောကြားခဲ့သည်။

 

 

နိုဝင်ဘာလတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် ဗိုင်းရပ်စ် တိုက်ဖျက်ရေး အောင်မြင်ကြောင်းကို ပြသလိုသည့် သမ္မတ ထရမ့်၏ ဖိအားပေးမှုအောက်တွင် ကာကွယ်ဆေးများသည် ဘေးကင်း လုံခြုံမှုနှင့် လုံလောက်သည့်  ထိရောက်မှုကို ပြန်လည် သုံးသပ်ခြင်းမျိုး မပြုမီ ဖြန့်ဝေခြင်းမျိုး ဖြစ်လာမည်ကို မီဒီယာ အချို့နှင့်ကျွမ်းကျင်သူများက စိုးရိမ်လျက် ရှိသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်