မန့်ဟီးရိုး ၃၁ ဇန်နဝါရီ

 

နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်အပြင် ဒေသခံပြည်သူများ အများဆုံးသွားလာလျှက်ရှိသော ရွှေလီမြစ် ကူးတို့ဆိပ်များတွင်လည်း  ကိုရိုနာဗိုင်းရပ်စ်  ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် (၆)နာရီမှစ၍ ဆောင်ရွက်လျှက်ရှိသည်။      

 

369

          

                                               

လူအများသွားလာမှုများပြားသည့် နေရာများတွင်  ကိုရိုနာဗိုင်းရပ်စ်  အသိပညာပေး ဗွီနိုင်းပိုစတာများကို  ချိတ်ဆွဲခြင်းနှင့် ခရီးသွားများကို အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။    

 

639

 

ခရီးသွားပြည်သူများကို အသိပညာပေးရာတွင် အဓိကလုပ်ဆောင်ရမည့် Mask တပ်ဆင်ခြင်း၊ အပြင်မှ ပြန်လာတိုင်း လက်ဆေးခြင်း၊ လူထူထပ်သောနေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ခြင်း၊ သားစိမ်း ငါးစိမ်းများ ကိုင်တွယ်ပြီးချင်း ချက်ခြင်းဆေးကြောခြင်းနှင့် အသိပညာပေး အချက်အလက်များကို တစ်ဆင့် ဖြန့်ဝေပေးစေခြင်း စသည်တို့ကို ပညာပေးဆောင်ရွက်ခဲ့သည်။

 

963

 

အဆိုပါ အသိပညာပေးခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်နှင့် ဌာနဆိုင်ရာများ၊ စခန်းမှူး ရဲအုပ်တင်အောင်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်ကြပြီး တိုက်နယ်ဆရာဝန် ဒေါက်တာစိုင်းယီအောင်က အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

 

 

စန္ဒာ(ပြန်/ဆက်)