ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသက်ငယ်ဆုံး လူနာပြန်လာကျန်းမာ 

၉ ဧပြီ

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်ခံရတဲ့ အသက် နှစ်လအရွယ် ကလေးငယ်ဟာ ပြန်လည်ကျန်းမာလာတဲ့အတွက် ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း ဒီနေ့ထုတ် သတင်းစာတွေမှာ ရေးသားထားပါတယ်။ 

ကလေးငယ်ဟာ ကိုယ်အပူချိန် မရှိခြင်း သို့မဟုတ် အဖျားသွေးမရှိခြင်းတို့ကြောင့် သူမရဲ့ အမေနဲ့အတူ ဆေးရုံမှ ဆင်းခွင့်ရရှိတယ်လို့ သိရပါတယ်။ 

ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့ဟာ မတ်လ ၁၈ ရက်နေ့ကစပြီး အီတလီနိ်ုငငံတောင်ပိုင်းရှိ ဘာရီမြို့က ဆေးရုံမှာ ဆေးကုသခံခဲ့ရပါတယ်။ 

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၃၉,၄၂၂ ဦး၊ သေဆုံးသူ ၁၇,၆၆၉ ဦးနဲ့ ပြန်လည်ကျန်းမာလာသူ ၂၆,၄၉၁ဦးရှိကြောင်း ဧပြီ ၉ ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ်။ 

MDN
ကိုးကား - AFP