၂ နိုဝင်ဘာ
ဒီနေ့ (တနင်္လာနေ့) ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်ကြောင်း အေအက်ဖ်ပီ သတင်းဌာနရဲ့ သတင်းတစ်ရပ်အရ သိရပါတယ်။
ကမ္ဘာမှာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူပေါင်း ၄၆,၄၅၂,၈၁၈ ဦးအနက် သေဆုံးသူ ၁,၂၀၀,၀၄၂ ဦး ရှိကြောင်း ဖော်ပြချက်မှာ ပါရှိပါတယ်။
အောက်တိုဘာ ၁၆ ရက်က စပြီး နိုဝင်ဘာ ၂ ရက်နေ့အထိ သေဆုံးသူဟာ ၁၀၀,၀၀၀ ရှိကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ခုနစ်ရက်အတွင်းမှာ တစ်နေ့လျှင် သေဆုံးသူ ၆,၅၀၀ ရှိကြောင်း၊ အဲဒီထဲမှ ၄၀ ရာခိုင်နှုန်းနီးပါးဟာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု မြင့်မားနေတဲ့ ဉရောပနိုင်ငံတွေကဖြစ်ကြောင်း ဆိုထားပါတယ်။
အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၉,၂၀၇,၃၆၄ ဦးအနက် သေဆုံးသူ ၂၃၀,၉၉၆ ဦး၊ ဘရာဇီးနိုင်ငံမှာ ပိုးတွေ့ရှိသူ ၅,၅၄၅,၇၀၅ ဦးအနက် သေဆုံးသူ ၁၆၀,၀၇၄ ဦးရှိကြောင်း နဲ့ အိန္ဒိယနိုင်ငံမှာ ပိုးတွေရှိသူ ၈,၂၂၉,၃၁၃ ဦးမှ သေဆုံးသူ ၁၂၂,၆၀၇ ဦးရှိကြောင်း ထုတ်ပြန်ပါတယ်။
အဲဒီနောက် မက္ကဆီကိုနိုင်ငံမှာ ပိုးတွေ့ရှိသူ ၉၂၉,၃၉၂ ဦးအနက် သေဆုံးသူ ၉၁,၈၉၅ ဦး နဲ့ ဗြိတိန်နိုင်ငံမှာ ပိုးတွေ့ရှိသူ ၁,၀၃၄,၉၁၄ ဦးအနက် ၄၆,၇၁၇ ဦး သေဆုံးကြောင်း သိရပါတယ်။
ကမ္ဘာ့ အစိတ်အပိုင်းတွေဖြစ်တဲ့ လက်တင်အမေရိက နဲ့ ကာရစ်ဘီယံ ဒေသဟာ ဗိုင်းရပ်ပိုးကြောင့် သေဆုံးသူ ၄၀၂,၇၈၇ ဦး နဲ့ အများဆုံးဖြစ်ပါတယ်။ အဲဒီနောက် ဉရောပမှာ ၂၈၀,၁၀၉ ဦး၊ အမေရိကန် နဲ့ ကနေဒါ ဒေသမှာ ၂၄၁,၁၇၅ ဦး၊ အာရှမှာ ၁၇၁,၄၂၃ ဦး သေဆုံးကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
MDN
ကိုးကား - AFP