ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အစီအမံများ တိုးမြှင့်လုပ်ဆောင်ရန် နိုင်ငံများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တိုက်တွန်း

၂၃ ဇွန်

 

 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အစီအမံများ တိုးမြှင့်လုပ်ဆောင်ရန် နိုင်ငံများအား တိုက်တွန်းပြောကြားသည်။

 

 

ဇွန် ၂၁ ရက်နေ့က ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရမှု ၁၈၃၀ဝ၀ ကျော်ရှိရာ ယင်းနေ့သည် ကူးစက်မှု အများဆုံးဖြစ်ပွားခဲ့သော နေ့တစ်နေ့ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အာဒါနွမ် ဂါဘရီယီဆက် က သတင်းထောက်များကို ဇွန် ၂၂ ရက်က ဂျီနီဗာမြို့တွင် ပြောကြားခဲ့သည်။

 

 

နိုင်ငံများ အနေဖြင့် ရောဂါကူးစက်ခံရသူများကို သီခြားခွဲထုတ်ခြင်း၊ ရောဂါရှိသူနှင့် ထိတွေ့မှုရှိသူများကို ရှာဖွေခြင်းနှင့် ကူးစက်မှု သံသယရှိသူများကို စမ်းသပ်စစ်ဆေးခြင်း တို့အပါအဝင် ကိုဗစ်-၁၉ တိုက်ဖျက်မှု အစီအမံများကို တိုးမြှင့်လုပ်ဆောင်ကြရန် ဂါဘရီယီဆက်က  ပြောကြားသည်။

 

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကျန်းမာရေး အရေးပေါ် အစီအစဉ်ဆိုင်ရာ အကြီးအကဲ မိုက်ကယ် ရိုင်ယန် က အမေရိက၊ တောင်အာရှနှင့် အခြား လူဦးရေ ထူထပ်သော နိုင်ငံများတွင် ရောဂါကူးစက်မှု မြင့်တက်လာခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့သည်။

 

 

ကိုဗစ်-၁၉ ကူးစက်ရောဂါသည် တစ်ချိန်တည်းမှာပင် နိုင်ငံကြီးများ၌ ကူးစက်မှုအမြင့်ဆုံး ဖြစ်နေသည်ဟု ၎င်းက ပြောကြားသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို