ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ စက်ရုပ်တွေဟာ သူရဲကောင်းတွေ ဖြစ်လာနိုင်တယ်

၉ ဧပြီ

 

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ စက်ရုပ်တွေဟာ လျှင်မြန်ပြီး စနစ်တကျလုပ်နိုင်သလို ရောဂါပိုး ကူးစက်မှု မခံရနိုင်တဲ့အတွက် ပိုမို သုံးစွဲလာတာကို တွေ့ရပါတယ်။ 

 

ကိုရိုနာဗိုင်းရပ်စ်စတင်ပျံ့နှံ့ရာ ဝူဟန်မြို့က ယာယီဆေးရုံတစ်ခုမှာ လူနာတွေကို ပြုစုရန် စက်ရုပ် အဖွဲ့ တစ်ဖွဲ့ကို အသုံးပြုခဲ့ပါတယ်။ 

 

စက်ရုပ်တွေက လူနာတွေဆီ အစားအစာ ပို့ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနဲ့ ဆက်သွယ်ရေး အတွက်အပါ အသုံးပြုခြင်းတွေကိုပါ လုပ်ဆောင်နိုင်ပါတယ်။ အဲဒီစက်ရုပ်တွေကို CloudMinds ကနေ ထုတ်လုပ်ပေးပြီး Cloud Ginger လို့ အမည်ပေးထားပါတယ်။ အဲဒီစက်ရုပ်တွေဟာ ဘေကျင်းနဲ့ ကယ်လိုဖိုးနီးယားမှာ အသုံးပြုနေပါတယ်။ 

 

စမတ် ဆေးရုံတွေမှာ စက်ရုပ်တွေနဲ့သာ အားလုံးလုပ်ဆောင်သွားကြောင်း CloudMinds ကုမ္ပဏီဉက္ကဌ ကား ဇို က ပြောပါတယ်။  စက်ရုပ်တွေကို ထိန်းချုပ်ထားရန် ကျန်းမာရေးဝန်ထမ်း အနည်းငယ်သာလိုအပ်ပြီး လူနာတွေမှာ လက်ကောက် နှစ်ခု ဝတ်ဆင်ရန် လိုအပ်ပြီး တစ်ဖက်က သွေးပေါင်ချိန်ခြင်းပြုလုပ်ပြီး နောက်တစ်ဖက်က ရရှိတဲ့ အချက်အလက် မှတ်တမ်းတွေ သိုလှောင်ရန်အတွက် ဖြစ်ပါတယ်။ 

 

ထိုင်းနိုင်ငံနဲ့ အစ္စရေးနိုင်ငံက ဆေးရုံတွေမှာတော့ လူနာတွေဟာ စက်ရုပ်တွေကနေတဆင့် လူနာနဲ့ ဆရာဝန် ဗီဒီယို အသုံးပြုပြီးဆက်သွယ်နိုင်ခြင်း နဲ့ လူနာတွေရဲ့ အဆုတ်ကို အသက်ရှနားထောင်ခြင်းတွေပါ လုပ်ဆောင်ကြောင်း သိရပါတယ်။

 

စင်ကာပူနိုင်ငံက အက်လက်ဇန်ဒါဆေးရုံမှာ စက်ရုပ် BeamPro ဟာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတွေကို ဆေးနဲ့ အစာအစာတွေ ဝေငှပေးရေးအတွက် အသုံးပြုနေပါတယ်။ 

 

ဆရာဝန်တွေနဲ့ သူနာပြုတွေက လူနာ အခန်းရဲ့ အပြင်မှာနေပြီး ကွန်ပြူတာကနေ စက်ရုပ်တွေကို ထိန်းချုပ်နေတာဖြစ်ပါတယ်။ 

 

အမေရိကန်နိုင်ငံက Xenex ကုမ္ပဏီထုတ် စက်ရုပ်တွေကို အခန်းတွေ ပိုးမွှားသန့်စင်ရေးအတွက် ဝယ်ယူမှုတွေများပြားနေကြောင်း၊ ကျန်းမာရေးဌာန ၅၀၀ ကျော်မှာ သူတို့ရဲ့ စက်ရုပ်တွေကို အသုံးပြုနေကြောင်းနဲ့ ကမ္ဘာတစ်ဝန်းကနေ ကုန်ပစ္စည်းမှာယူမှုတွေ ရရှိနေကြောင်း ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ရေး ဒါရိုက်တာ မလင်ဒါ ဟတ်က ပြောပါတယ်။ 

 

MDN
ကိုးကား - AFP