၁၆ နိုဝင်ဘာ
ကိုရိုနာဗိုင်းရပ်စ် ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် အစည်းအဝေးပွဲကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ဉီးဆောင်ပြီး ယမန်နေ့က ကျင်းပခဲ့ကြောင်း နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အစီအမံများကို ပိုမိုကြပ်မတ် လုပ်ဆောင်သွားကြရန် ကင်က အကြီးတန်း အရာရှိများအား ညွှန်ကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာများက ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာကို ယနေ့အချိန်ထိ တွေ့ရှိခြင်း မရှိသေးပေ။
သို့သော်လည်း အချို့သော နိုင်ငံများတွင် ဗိုင်းရပ်စ်ကူးစက်မှုမှာ ပိုမိုဆိုးရွားလာနေသဖြင့် ဗိုင်းရပ်စ်နှိမ်နှင်းရေး အစီအမံများကို ပိုမိုတိုးမြှင့် လုပ်ဆောင်သင့်ကြောင်း အစည်းအဝေးတွင် ပါဝင်သူများက ဆွေးနွေးခဲ့ကြသည်။
ကပ်ရောဂါနှင့် ပတ်သက်ပြီး အစည်းအဝေး တက်ရောက်သူများအား နိုးနိုးကြားကြား ရှိစေရန်နှင့် တိုင်းပြည်အတွက် ကပ်ရောဂါ ကာကွယ်ခြင်း လုပ်ငန်းများကို ပိုမိုလုပ်ဆောင်ကြရန် ကင်ဂျုံအန်း က မှာကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်
